Showing posts with label လူ့ စွမ်းအားအရင်းအမြစ်စီမံခန့် ခွဲမှု. Show all posts
Showing posts with label လူ့ စွမ်းအားအရင်းအမြစ်စီမံခန့် ခွဲမှု. Show all posts

Thursday, March 4, 2010

The Harvard Framework Model

The Harvard Framework Model ကတော့ Michael Beer နှင့်အပေါင်းအပါပညာရှင်များက ၁၉၈၄ ခုနှစ်လောက်တွင်ရေးသားခဲ့သော Managing Human Assets တွင်စတင်ပါဝင်ခဲ့ပြီး ဘာကိုအဓိကပြော ချင်သလဲဆိုတော့ General Managers တွေဟာ HR Policies တွေကိုမိမိ အဖွဲ့ အစည်းအတွက်မသတ်မှတ်မီ အဆိုပါ Policies and Practices/Techniques တွေဟာတကယ်ပဲ ထိရောက်မှုရှိ ရဲ့လားဆိုတာအရင်ဆုံး လေ့လာဖို့ လိုအပ်ကြောင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

အဲဒီ HR Policies and Practices/Techniques တွေ ထိရောက်မှုရှိမရှိဆိုတာ Situational Factors နှင့် Stakeholder Interests ပေါ်မှာမူတည်နေကြောင်းထောက်ပြထားတယ်။
Situational Factors ဆိုတာကမိမိအဖွဲ့ အစည်းရဲ့ ပြင်ပမိမိအဖွဲ့ အစည်း
လည်ပတ်နေရသော ပတ်ဝန်းကျင် အခြေအနေရှိပြောင်းလဲနေသော Factors(ဥပမာ အလုပ်သမားသမဂ္ဂများ၊ ဝန်ထမ်းများ အလုပ်သမားထုဧ။်စွမ်းရည် လုပ်နိုင်ကိုင်နိုင်စွမ်းများ) နှင့် အဖွဲ့ အစည်းအတွင်း မှာဆိုရင်တော့ Company ရဲ့ Overall Strategy၊ Management ရဲ့သဘောထားများနှင့် အလုပ်တစ်ခုကိုပြီးမြောက် အောင်မြင်ဖို့ နည်းပညာ အကူအညီများ ကိုဆိုလိုခြင်းဖြစ်တယ်။

Stakeholder Interests ဆိုတာကဘာလဲဆိုရင်တော့ အဖွဲ့ အစည်း ကတွေဟာ မိမိရဲ့ရှယ်ယာဝင်တွေ(Shareholders)၊ ဝန်ထမ်းတွေ(Employees)၊ လူမှုအဖွဲ့ အစည်း(Community)နှင့် အစိုးရ(Government)တွေအပေါ်မှာတာဝန်ရှိတဲ့အတွက် သူတို့ ရဲ့ Interests တွေနှင့်အညီ HR Policiesတွေကို Formulateလုပ်သင့်ကြောင်းညွှန်ပြထားပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဒီအဖွဲ့ အစည်း
ဟာရေရှည်မှာတည်တံ့နိုင်မှာမဟုတ်ဆိုတာပါဘဲ။
နောက်တစ်ခုကတော့ Human Resources Management မှာအချက်နှစ်ချက်ရှိကြောင်းထပ်ပြောထားတယ်။

ပထမအချက်ကတော့ line manager လို့ ခေါ်တဲ့ကိုယ်တိုက်ရိုက် တင်ပြရသော အထက်အရာရှိက အဖွဲ့ အစည်း တစ်ခုလုံးအတွက် ချမှတ်ထားတဲ့ ယှဉ်ပြိုင်အားသာချက်ရရန် နည်းဗျူဟာ Competitive Strategyနှင့် HR Policies တို့ တစ်ထပ်တည်းကျရန်လက်အောက်ဝန်ထမ်း တွေထက် ပိုပြီးတာဝန်ယူရခြင်းပင်ဖြစ်တယ်။ ပြောချင်တဲ့သဘောကတော့ တော်တဲ့ဝန်ထမ်းတွေများလာလေလေ ယှဉ်ပြိုင်အားသာချက်ရနိုင်လေလေ
ဖြစ်လို့ ချမှတ်ထားသောHR Policies တွေကို အောင်မြင်စေရန်HR Departmentကသာမကဘဲ အခြား Department တွေကလည်း ပူးပေါင်းဆောင်ရွက်သင့်ကြောင်း လိုအပ်တယ်။

ဒုတိယအချက်ကတော့ HR Policies နှင့် HR activities တစ်ခုနှင့်တစ်ခုအချိတ်အဆက်မိသင့်ကြောင်း ပြောဆိုထားခြင်းပင်ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ Policies စာအုပ်ကြီးထဲမှာလေတစ်လုံး မိုးတစ်လုံး လောက် ကတိကဝတ်တွေပေးထားပြီး လက်တွေ့ မှာတော့ဘာမှ မလုပ်ပေးခြင်းပင်ဖြစ်တယ်။ Policiesတွေချမှတ် ရေးဆွဲတုန်းကတော့ Promotions တွေကိုဘယ်လိုပေးမည်ဖြစ်ကြောင်း စသည်ဖြင့် အလုပ်ခေါ်စာတွေမှာ မက်လောက်အောင်စွဲဆောင်ထားပြီး လက်တွေးတကယ် Promotion တွေ၊ Bonus တွေတိုးပေးသင့်သော ဝန်ထမ်းများကိုလစ်လျုရှု ထားသောအဖွဲ့ အစည်းများလည်းရှိသေးသည်။

ထို့ ကြောင့် HR Policies တွေကို တစ်ကယ်အကောင်အထည်ဖော်နိုင်မှ ချမှတ်သင့်ကြောင်း The Harvard Framework Model ကပြောပြထားပါတယ်။
ဆက်ဖတ်ရန်

Sunday, February 28, 2010

HRM ပေါ်ပေါက်လာပုံနှင့် Hard HRM Vs. Soft HRM

လူ့ စွမ်းအားအရင်းအမြစ်စီမံခန့် ခွဲမှု(Human Resource Management)နှင့်
လူ့ စွမ်းအားအရင်းအမြစ်များတို့ ကို ၁၉၈၀ ပြည့်နှစ်များမတိုင်ခင်က Personnel Management လို့ ပဲခေါ်ပါတယ်။

လူ့ စွမ်းအားအရင်းအမြစ်စီမံခန့် ခွဲမှု(Human Resource Management)ရဲ့အစောဆုံး Model နှစ်ခုကတော့ The Matching Model of HRM နှင့် The Harvard Framework Model
တို့ ပဲဖြစ်ပါတယ်။

The Matching Model of HRM ဆိုတာကအဖွဲ့ အစည်းတစ်ခုရဲ့ overall organizational strategy
လို့ခေါ်တဲ့ အဆိုပါအဖွဲ့ အစည်းရဲ့အနာဂတ်ဦးတည်ရာနည်းဗျုဟာ နှင့် အဲဒီ့
အဖွဲ့ အစည်းရဲ့ HR Policies တို့ တစ်ထပ်ကြနိုင်ဖို့ လိုအပ်သော HR systems များနှင့်အဖွဲ့ အစည်းတည်ဆောက်ထားပုံ (organizational structure)
တို့ ကိုစီမံခန့် ခွဲရမှာဖြစ်ပါတယ်။

The Matching Model of HRM ကို ၁၉၈၄ခုနှစ်ကအမေရိကန်ပြည်ထောင်စုမီချီဂန်တက္ကသိုလ်Michigan Business School မှ Fombrun, Tichy နှင့် Devanna စသည့်ပုဂ္ဂိုလ်တို့ က စတင်ခဲ့ခြင်းဖြစ်ပါတယ်။

Harvard Model နဲ့ ယှဉ်လိုက်ရင်တော့ Matching Model ကပိုပြီး Employees တွေအပေါ်မှာညှာတာထောက်ထားမှုနည်းနေတာကို
တွေ့ ရလိမ့်မည်။

ဆိုလိုချင်တဲ့သဘောက HR Approach နှစ်မျိုးရှိတယ်။
(၁)ငှားခြင်းနဲ့ ထုတ်ခြင်း(Hiring and Firing)ကိုတာအဓိကထားတဲ့ မာကျောတဲ့ HRM (သို့ ) Hard HRM နှင့်
(၂)ငှားခြင်းနဲ့ ထုတ်ခြင်းကိုသာအဓိကမထားဘဲ Employees တွေရဲ့ လုပ်ငန်းပိုင်းဆိုင်ရာပညာဗဟုသုတတိုးတက်လာအောင်၊ စိတ်ပိုင်းဆိုင်ရာရင့်ကျက်လာအောင်(ဥပမာ မှန်ကန်သောဆုံးဖြတ်ချက်များပိုချတတ်လာစေရန် training များပေးခြင်း) Learning and Development Schemes များဆွဲထားပေးပြီး Formal Organisation ကြီးအတွင်းမှာ Informal Groups လေးတွေများစွာရှိကြောင်း၊ မိမိရဲ့အလုပ်အပေါ်မှာကျေနပ်မှုရှိမရှိဆိုတာ တစ်ခါတစ်လေဝန်ထမ်း
တစ်ယောက်က မိမိရတဲ့လခလစာထက် မိမိစွမ်းဆောင်မှုတွေအပေါ်မှာ အထက်အရာရှိနဲ့ လုပ်ဖော်ကိုင်ဖက်(Peers) တွေက အသိအမှတ်ပြုတာတွေပေါ်မှာပိုမူတည်ကြောင်းစသည့်အချက်တွေနှင့် ပျော့ပျောင်းသော HRM(သို့ ) Soft HRM တို့ ပဲဖြစ်တယ်။



Hard HRM ကလူတွေကိုအခြားသဃံဇာတတွေ(ဥပမာ
အဖွဲ့ အစည်းတစ်ခုရဲ့ကိုယ်တွယ်လို့ ရတဲ့ရင်းနှီးမြုပ်နှံမှုများ)လိုဘဲ
တန်းတူရည်တူသဘောထားပြီး
အဖွဲ့ အစည်းကိုဘယ်လိုအကျိုးကျေးဇူးပေးနိုင်၊ မပေးနိုင်ကိုဂဏန်းသချာင်္တွက်သလိုတွက်ပြီး "rational" လို့ ခေါ်တဲ့ reason ကျကျ output ပေတွေပြန်လည်
ပေးဆပ်မှုကိုသာအဓိကကြည့်တဲ့နည်းနည်းလေးလူမဆန်တဲ့ HR Approachပါ။ ခက်တာကလူဆိုတာမှန်းလို့ မရတဲ့သတ္တဝါပါ။ အမြဲတမ်းတော့လည်းဘယ် Reason ကျနိုင်ပါ့မလဲ?

Hard HRM က 1+1=3 လောက်လိုချင်တာလေ။ အဲဒီတော့လူတွေကိုခိုင်းပြီပေါ့။ တစ်ခါတစ်လေပေးထားတဲ့လခကလည်းနှစ်ပြားတစ်ပဲ။ Training လည်းမပေးတော့ကြာတော့ဘာ Development မှမရှိ
ဘူး။ Training ဘာကြောင့်မပေးလဲ
ဆိုတော့ အဲဒီအဖွဲ့ အစည်းကအမြတ်အများကြီးလိုချင်လို့ ဘဲ။ Trainingပေးရင် Costs တွေတက်မယ်လေ။ Employees တွေကကြာလာတော့လည်းဘယ်ခံနိုင်ပါ့မလဲ။ လုပ်ရည်ကိုင်ရည်တွေကျလာတာပေါ့။

ဒါကအဲဒီအဖွဲ့ အစည်းရဲ့ Productivity
လို့ ခေါ်တဲ့ထုတ်လုပ်မှုပိုင်းကိုသွားထိခိုက်တော့တာဘဲ။ Productivity ဆိုတာ အမြတ်လည်းဖြစ်သလို Goods and Services Outputs တွေလည်းဖြစ်တယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပြောပြဘူးတယ်။ သူအလုပ်လုပ်နေတဲ့ Company တစ်ခုက အမြတ်တွေ(Profits)တွေကျလာတော့ Employees တွေကို Boss ကပိုခိုင်းတယ်တဲ့။ အမြတ်တွေကျမှာပေါ့ လူကိုမတရားခိုင်းစားနေတာကို။ လခ (Basic Pay)ပဲရှိပြီး အပိုဆောင်းပေးမှု(ဥပမာFree Medical Check-Upတို့ Bonus တို့ လည်းမရှိဘူး)။ လူကအမြဲတမ်းတော့ ဘယ် Rational ဖြစ်နိုင်ပါ့မလဲ။ စက်ရုပ်မှမဟုတ်တာ။ အဲ့ဒီ Hard ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ Soft HRM ကိုသိပ်မသုံးဘဲ Hard HRM သုံးနေတဲ့
အဖွဲ့ အစည်းတွေကဒုနဲ့ ဒေး။

လက်တွေ့ မှာကောနိုင်ငံတကာအဖွဲ့ အစည်းတွေက Hard HRM လား? Soft HRM လား? ဘယ်ဟာကိုအဓိကထားသုံးနေလဲ မလေ့လာမီ Soft HRM အကြောင်းနည်းနည်းလောက်ထပ်ပြီးလေ့လာကြည့်မယ်ဆိုရင် Soft HRM ဆိုတာက ၁၉၃၃လောက်ကပေါ်ပေါက်လာတဲ့
Human Relations School(by Elton Mayo)အပေါ်အခြေခံထားပြီးဝန်ထမ်းဟာအတူတွဲလုပ်တဲ့အခြားလုပ်ဖော်
ကိုင်ဖက်တွေနဲ့ အဆင်ပြေပြီးကြီးကြပ်မှုကောင်းကောင်းရရင်မိမိအလုပ်အပေါ်မှာကျေနပ်မှု(Job Satisfaction) တက်လာမယ်
လို့ မျှော်လင့်လို့ ရပါတယ်။ မိမိအလုပ်အပေါ်မှာကျေနပ်မှု(Job Satisfaction)များလေလေအဲဒီ Employeeက Productivity တက်လေလေပဲ။ ခြုံပြောရရင်တော့နောက်ဆုံး Job Satisfaction မှာတဲ့ဝန်ထမ်းတွေများလာလေလေအဖွဲ့ အစည်း အတွက် Productivity တက်လာလေလေဖြစ်ပါတယ်။

ဆိုလိုချင်တာကJob Satisfaction
နဲ့ Productivityနဲ့ ကတိုက်ရိုက်အချိုးကျတယ်ဆိုတာဖြစ်တယ်။
Storey(1989)ရဲ့အာဘော်အရ Employees တွေကို တန်ဖိုးကြီးမားတဲ့Assetsတွေလိုသဘောထား
ပြီးအဖွဲ့အစည်းနှင့်မိမိတာဝန်ကျရာအလုပ်ပေါ်မှာဝန်ထမ်းတွေရဲ့စိတ်ရောကိုယ်ပါနှစ်မြုပ်ထားနိုင်မှု(Employee Commitment)၊ လိုအပ်သလိုပြောင်းလဲပေးနိုင်မှု(Adaptability)(ဥပမာ
လူ့ စွမ်းအားအရင်းအမြစ်ဆိုတာ Training, Workshops, Learning and Development Schemes တွေကိုသုံးပြီး အလုပ်A ကိုမလုပ်တတ်
တဲ့ဝန်ထမ်း လုပ်တတ်ကိုင်တတ်လာအောင်လေ့ကျင့်ပြောင်းလဲပေးနိုင်ခြင်း) နှင့်ဝန်ထမ်းတွေရဲ့ Skills တွေ Performance တွေကတစ်ဆင့် ယှဉ်ပြိုင်အားသာချက်(Competitive Advantage) ရအောင်လုပ်နိုင်မည်ဖြစ်ကြောင်းပြောထားပါတယ်။

The Soft Approach of HRM ကTop Managementနှင့် လက်အောက်ငယ်ရာထူးနိမ့်Managersများ၊Subordinatesများကြား Communicationကောင်းရမည်။Employeesတွေကိုကောင်းကောင်းLeadershipပေးနိုင်မှုကို အားပေး၍Employee Involvement in Planning ကိစ္စများကိုများနိုင်သမျှများအောင်လုပ်ပေးထားခြင်းပင်ဖြစ်တယ်။

ဒါပေမယ့်လည်းလက်တွေ့ မှာတော့ နိုင်ငံတကာအဖွဲ့ အစည်းတွေကHard Approachကော Soft Approach ပါမျှပြီးသုံးနေကြပါတယ်။ Gratton et al(1999) research အရ Hard Approachနှင့်Soft Approach
ကြားထင်ရှားသော line ကြီးရှိနေတာမဟုတ်ကြောင်း၊ Truss(1999) အဆိုအရ "ပါးစပ်ကပြောရရင်တော့ Soft HRM ကလွယ်ပေမည့် လက်တွေ့ 
မှာတော့လိုက်နာကျင့်သုံးဖို့ ခက်ခဲနေတာကိုတွေ့ ရပြီးအဖွဲ့ အစည်းရဲ့ interests တွေဟာ Employees တွေရဲ့ interests တွေအပေါ်မှာလွှမ်းမိုးထားနိုင်မှုပိုရှိကြောင်း" သိရပါတယ်။

ဒါကြောင့်လည်း ကမ္ဘာစီးပွားပျက်ကပ်ဆိုက်တော့
အဖွဲ့ အစည်း(Organizations)တွေဆက်လက်ရပ်တည်နိုင်ဖို့ 
ဖြုတ်လိုက်ရတဲ့ Employees အရေအတွက်ကသက်သေခံနေပါတယ်။

နောက် Post မှာတော့ The Harvard Framework Model ကိုပြောပြပါ့မယ်။
ဆက်ဖတ်ရန်

Saturday, February 27, 2010

လူ့ စွမ်းအားအရင်းအမြစ်စီမံခန့် ခွဲမှု(Human Resource Management) မိတ်ဆက်

ကျွန်တော်သိသလောက်ပြောရမယ်ဆိုရင်တော့ကျွန်တော်
တို့ မြန်မာနိုင်ငံမှာအဖွဲ့ အစည်းတော်တော်များများက Human Resources Management(လူ့ စွမ်းအားအရင်းအမြစ်စီမံခန့် ခွဲမှု) နှင့်ပတ်သက်လာလျှင်တော်တော်လေးနည်းစနစ်နစ်မကျနတာကို
တွေ့ ရလိမ့်မည်။ ဒါကဘယ်သူ့ ကြောင့်လို့ ထင်လဲ? Boss ကြောင့်လား? Manager ကြောင့်လား? ဒါမှမဟုတ်ရင် HR Plan မရှိလို့ လား? ဆွဲရကောင်းမှန်းမသိလို့ ဘဲလား? HR အတွက် Budget မရှိလို့ လား? ဒါမှမဟုတ်ရင် Budget ရှိရဲ့သားနဲ့ Boss က ဝန်ထမ်းတွေ(Employees) တွေရဲ့ လုပ်ရည်ကိုင်ရည် ဖွံဖြိုးတိုးတက်လာမှု၊ သူ
တို့ ရဲ့သာရေးနာရေးတွေကိုဂရုမစိုက်ပဲပစ်ပယ်ထားတာလား? Employees တွေကို Assets လို့ သဘောမထားဘဲကျွဲတွေနွားတွေလိုခိုင်းစားချင်နေတာလား စသည့် Question ပေါင်းမြောက်မြားစွာတွေရှိနေတာကိုတွေ့ ရလိမ့်မည်။ ဒါဆိုရင်အဖြေကကောလို့ သင်မေးကောင်းမေးလိုက်လိမ့်မယ်။ HR ရဲ့ထူးခြားချက်ကအကောင်းဆုံးအဖြေရယ်လို့ မရှိဘူး။ အရေးကြီးဆုံးအချက်ကကိုယ့်ရဲ့လုပ်ငန်းအဖွဲ့ အစည်းနဲ့ ကိုက်ညီမယ့် HR Policy ကိုတာချမှတ်နိုင်ရေးတာဖြစ်တယ်။

လူ့ စွမ်းအားအရင်းအမြစ်စီမံခန့် ခွဲမှု(HRM)ဆို သည်မှာ ၁၉၈၀ပြည့်နှစ် များနောက်ပိုင်းများမှာပေါ်ပေါက်လာသော Harvard framework နှင့် Matching Model ကို အခြေခံထားခြင်းဖြစ်သည်။

ကဲ လူ့ စွမ်းအားအရင်းအမြစ်စီမံခန့် ခွဲမှု(HRM) definition ကလေးကိုကြည့်လိုက်ရအောင်။

လူ့ စွမ်းအားအရင်းအမြစ်စီမံခန့် ခွဲမှုတွင် အဖွဲ့ အစည်းတစ်ခု(Organization) နှင့်အဆိုပါအဖွဲ့ အစည်းအတွင်းရှိဝန်ထမ်းများ(Employees) ကြားပတ်သက်ဆက်နွယ်မှု(Relationship) အပေါ်တစ် စုံတစ်ရာအကျိုးသက်ရောက်မှုရှိစေနိုင်သည့် Management ဧ။်ဆုံးဖြတ်ချက်များ (decisions) နှင့် လုပ်ကိုင်ဆောင်ရွက်မှုများ (actions) တို့ ပါဝင်သည်။ (ရည်ညွန်း-Beer et al, 1984)

David Guest ဆိုသောနာမည်ကျော်HRပညာရှင်ဂုရုအမြင်အရလူ့ 
စွမ်းအားအရင်းအမြစ်စီမံခန့် ခွဲမှုတွင် အဖွဲ့ အစည်းတစ်ခုလုံးရှိ Management နှင့် ဝန်ထမ်းများ(Employees) များကြားပေါင်းစည်းညီညွတ်မှု(Integration)၊ ဝန်ထမ်းများမိမိအလုပ်ပေါ်တွင်စိတ်ရောကိုယ်ပါနစ်မြုပ်ထားနိုင်မှု(Commitment)၊ ပြောင်းလဲနေသောပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိခြင်း(Flexibility)၊ နှင့်အလုပ်ဧ။်အရည်အသွေး(Quality of Work) စသည်တို့ ကို အမြင့်ဆုံးရောက်အောင်တွန်းပို့ ပေးနိုင်သော Policies များပါဝင်သည်။

HRM ရဲ့အဓိကရည်ရွယ်ချက်များမှာ
၁။ ဝန်ထမ်းများမှတစ်ဆင့်အဖွဲ့ အစည်းအောင်မြင်မှုရရန်
၂။ အဖွဲ့ အစည်းတစ်ခုဧ။် ထိရောက်မှု(Effectiveness) နှင့် လုပ်နိုင်စွမ်းရှိမှု (Capability)တို့ တိုးတက်လာရန်
၃။Corporate Social Responsiblity(CSR) လို့ ခေါ်တဲ့ပတ်ဝန်းကျင်လူ့ 
အဖွဲ့ အစည်း ပေါ်ကိုပြန်လည်ပေးဆပ်မှု Policies တွေများမှမိမိဝန်ထမ်းများရသင့်ရထိုက်သောအခွင့်အရေးများ
နှင့်လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရေး တို့ ဖြစ်သည်။

အနှစ်ချုပ်ကတော့ Management နဲ့ Employees တွေကြား Relationship ကို နှစ်ဦးနှစ်ဖက်မျှတ
မှုရှိအောင် HRM Policies တွေကဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ Win-Win Situation ပေါ့။

နောက်ပိုင်းမှာတော့ HRM ရဲ့သမိုင်းကြောင်းနှင့်ပေါ်ပေါ်က်လာမှုတို့ ကိုလေ့လာကြရအောင်။
ဆက်ဖတ်ရန်