Saturday, February 27, 2010

လူ့ စွမ်းအားအရင်းအမြစ်စီမံခန့် ခွဲမှု(Human Resource Management) မိတ်ဆက်

ကျွန်တော်သိသလောက်ပြောရမယ်ဆိုရင်တော့ကျွန်တော်
တို့ မြန်မာနိုင်ငံမှာအဖွဲ့ အစည်းတော်တော်များများက Human Resources Management(လူ့ စွမ်းအားအရင်းအမြစ်စီမံခန့် ခွဲမှု) နှင့်ပတ်သက်လာလျှင်တော်တော်လေးနည်းစနစ်နစ်မကျနတာကို
တွေ့ ရလိမ့်မည်။ ဒါကဘယ်သူ့ ကြောင့်လို့ ထင်လဲ? Boss ကြောင့်လား? Manager ကြောင့်လား? ဒါမှမဟုတ်ရင် HR Plan မရှိလို့ လား? ဆွဲရကောင်းမှန်းမသိလို့ ဘဲလား? HR အတွက် Budget မရှိလို့ လား? ဒါမှမဟုတ်ရင် Budget ရှိရဲ့သားနဲ့ Boss က ဝန်ထမ်းတွေ(Employees) တွေရဲ့ လုပ်ရည်ကိုင်ရည် ဖွံဖြိုးတိုးတက်လာမှု၊ သူ
တို့ ရဲ့သာရေးနာရေးတွေကိုဂရုမစိုက်ပဲပစ်ပယ်ထားတာလား? Employees တွေကို Assets လို့ သဘောမထားဘဲကျွဲတွေနွားတွေလိုခိုင်းစားချင်နေတာလား စသည့် Question ပေါင်းမြောက်မြားစွာတွေရှိနေတာကိုတွေ့ ရလိမ့်မည်။ ဒါဆိုရင်အဖြေကကောလို့ သင်မေးကောင်းမေးလိုက်လိမ့်မယ်။ HR ရဲ့ထူးခြားချက်ကအကောင်းဆုံးအဖြေရယ်လို့ မရှိဘူး။ အရေးကြီးဆုံးအချက်ကကိုယ့်ရဲ့လုပ်ငန်းအဖွဲ့ အစည်းနဲ့ ကိုက်ညီမယ့် HR Policy ကိုတာချမှတ်နိုင်ရေးတာဖြစ်တယ်။

လူ့ စွမ်းအားအရင်းအမြစ်စီမံခန့် ခွဲမှု(HRM)ဆို သည်မှာ ၁၉၈၀ပြည့်နှစ် များနောက်ပိုင်းများမှာပေါ်ပေါက်လာသော Harvard framework နှင့် Matching Model ကို အခြေခံထားခြင်းဖြစ်သည်။

ကဲ လူ့ စွမ်းအားအရင်းအမြစ်စီမံခန့် ခွဲမှု(HRM) definition ကလေးကိုကြည့်လိုက်ရအောင်။

လူ့ စွမ်းအားအရင်းအမြစ်စီမံခန့် ခွဲမှုတွင် အဖွဲ့ အစည်းတစ်ခု(Organization) နှင့်အဆိုပါအဖွဲ့ အစည်းအတွင်းရှိဝန်ထမ်းများ(Employees) ကြားပတ်သက်ဆက်နွယ်မှု(Relationship) အပေါ်တစ် စုံတစ်ရာအကျိုးသက်ရောက်မှုရှိစေနိုင်သည့် Management ဧ။်ဆုံးဖြတ်ချက်များ (decisions) နှင့် လုပ်ကိုင်ဆောင်ရွက်မှုများ (actions) တို့ ပါဝင်သည်။ (ရည်ညွန်း-Beer et al, 1984)

David Guest ဆိုသောနာမည်ကျော်HRပညာရှင်ဂုရုအမြင်အရလူ့ 
စွမ်းအားအရင်းအမြစ်စီမံခန့် ခွဲမှုတွင် အဖွဲ့ အစည်းတစ်ခုလုံးရှိ Management နှင့် ဝန်ထမ်းများ(Employees) များကြားပေါင်းစည်းညီညွတ်မှု(Integration)၊ ဝန်ထမ်းများမိမိအလုပ်ပေါ်တွင်စိတ်ရောကိုယ်ပါနစ်မြုပ်ထားနိုင်မှု(Commitment)၊ ပြောင်းလဲနေသောပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိခြင်း(Flexibility)၊ နှင့်အလုပ်ဧ။်အရည်အသွေး(Quality of Work) စသည်တို့ ကို အမြင့်ဆုံးရောက်အောင်တွန်းပို့ ပေးနိုင်သော Policies များပါဝင်သည်။

HRM ရဲ့အဓိကရည်ရွယ်ချက်များမှာ
၁။ ဝန်ထမ်းများမှတစ်ဆင့်အဖွဲ့ အစည်းအောင်မြင်မှုရရန်
၂။ အဖွဲ့ အစည်းတစ်ခုဧ။် ထိရောက်မှု(Effectiveness) နှင့် လုပ်နိုင်စွမ်းရှိမှု (Capability)တို့ တိုးတက်လာရန်
၃။Corporate Social Responsiblity(CSR) လို့ ခေါ်တဲ့ပတ်ဝန်းကျင်လူ့ 
အဖွဲ့ အစည်း ပေါ်ကိုပြန်လည်ပေးဆပ်မှု Policies တွေများမှမိမိဝန်ထမ်းများရသင့်ရထိုက်သောအခွင့်အရေးများ
နှင့်လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရေး တို့ ဖြစ်သည်။

အနှစ်ချုပ်ကတော့ Management နဲ့ Employees တွေကြား Relationship ကို နှစ်ဦးနှစ်ဖက်မျှတ
မှုရှိအောင် HRM Policies တွေကဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ Win-Win Situation ပေါ့။

နောက်ပိုင်းမှာတော့ HRM ရဲ့သမိုင်းကြောင်းနှင့်ပေါ်ပေါ်က်လာမှုတို့ ကိုလေ့လာကြရအောင်။

No comments:

Post a Comment