Friday, March 5, 2010

ဗီယားနီး(စ်)ဝေါ့(ဇ်)အက(Viennese Waltz) အကြောင်းပြောပြမယ်




ဝေါ့(ဇ်)ဆိုတာ အလွန်ပဲ
နူးညံ့သိမ်မွေ့ တဲ့တေးဂီတအမျိုးအစားတစ်ခုပါ။ ဝေါ့(ဇ်)အကဟာဆိုလျှင်လည်း
အလွန်ပင် ခမ်းနားကြီးကျယ်သော ခန်းမကြီးတွေ၊ ဟော်(လ်)ခန်းကြီးတွေတဲမှာ မိမိကဖော်ရဲ့ လက်ကလေးကို စုပ်ကိုင်ပြီး ကဖော်နှစ်ဦးနှစ်ဖက်စလုံးရဲ့ မျက်နှာလေးတွေဟာ အလွန်ပင်နီးကပ်စွာဖြစ်နေ အောင်ပွေ့ ဖတ်ကရသော Ballroom Dancing Style ဖြစ်တယ်။

Austria နိုင်ငံရဲ့မြို့တော် Viennaမြို့မှာ ၁၇၈၀ပြည့်နှစ်များနောက်ပိုင်းက စတင်ခေတ်စားခဲ့ပြီး နောက်ပိုင်းမှာတော့တခြားဥရောပနိုင်ငံများ သို့ 
ပျံ့ နှံ့ သွားခဲ့တာဖြစ်ပါတယ်။ ဗီယားနီး(စ်)ဝေါ့(ဇ်)အက(Viennese Waltz) နှင့် ပြင်သစ်ဝေါ့(ဇ်)အက(French Waltz)
တို့ ဟာအစောဆုံးပေါ်ပေါက် ခဲ့သောဝေါ့(ဇ်)အက အမျိုးအစားများဖြစ်ပါတယ်။

ဗီယားနီး(စ်)ဝေါ့(ဇ်)အက(Viennese Waltz)ဟာ ၁၉ ရာစုအစောပိုင်းကာလမှာပေါ်ပေါက်လာခဲ့တဲ့ ပြင်သစ်တော်လှန်ရေးစစ်ပွဲများ၊ နပိုလီယံနှင့်ပတ်သက်သောစစ်ပွဲများ(Napoleonic Wars)နှင့် Holy Roman Empire လို့ ခေါ်တဲ့ ဂျာမနီ၊သြီစတြီးယား၊ချက်၊ဆွစ်ဇာလန်၊နယ်သာလန်၊ပြင်သစ်
အရှေ့ ပိုင်း၊အီတလီမြောက်ပိုင်း စသည့်နိုင်ငံနှင့်နယ်မြေများစွာပေါင်းစီးထားသည့် အင်ပါယာကြီးပြိုကွဲသွားပြီးပေါ်ပေါက် လာတဲ့အရေးကိစ္စများကို ဆွေးနွေးတိုင်ပင်ဖြေရှင်းနိုင်ရန် ဗီယားနားမြို့သို့ ဥရောပတိုင်းပြည်များမှ ကိုယ်စားလှယ်များရောက်ရှိလာသော Viennese Congress အစည်းအဝေးကြီးနောက်ပိုင်းတွင် အဆိုပါဗီယားနီး(စ်)ဝေါ့(ဇ်)အက ပိုပြီးနာမည်ကျော်ခေတ်စားလာခဲ့တယ်။

ဗြိတိန်နိုင်ငံမှာတော့ ရီဂျင်ဆီခေတ်(Regency Period) ၁၈၁၂ ခုနှစ်နောက်ပိုင်းများမှာထင်ရှားလာခဲ့ပါတယ်။

ဗီယားနီး(စ်)ဝေါ့(ဇ်)အက(Viennese Waltz)မှာအထင်ရှားဆုံးသီချင်းရေးဆရာတွေကတော့ ယိုးစာ့(ဖ်)နန်နာ(Josef Lanner)၊ ယိုဟန်းစထရော့်(စ်)(၁)နှင့်
သူ့ သားယိုဟန်းစထရော့်(စ်)(၂)(Johann Strauss 2)တို့ ပါဝင်ပါတယ်။



၁၉၂၀ပြည့်နှစ်များနောက်ပိုင်းကနေ စပြီးဂျာမနီနှင့်သြစတြီးယားနိုင်ငံတွေမှာဝေါ့(ဇ်)တေးဂီတနှင့်အကဟာ တဖြေးဖြေးမှေးမှိန်လာခဲ့ ပြီးအခြားခေတ်ပေါ်အကများ အစားထိုးဝင်ရောက်လာခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံမှာတော့ ဗီယားနီး(စ်)ဝေါ့(ဇ်)ထက် ဘော်စတွန်လို့ ခေါ်တဲ့တေးဂီတတစ်မျိုးနှင့် နောက်ပိုင်းဝေါ့(ဇ်)တေးဂီတတို့ သာခေတ်စားခဲ့တယ်။ ဒါပေမယ့်လည်းဗီယားနီး(စ်)ဝေါ့(ဇ်)တေးဂီတနှင့်အကဟာ ၁၉၃၀ပြည့်နှစ်တွေနောက်ပိုင်းမှာတော့ အငြိမ်းစားစစ်ဗိုလ် ကားလ်ဖွန်မီယာကိုဗစ်ရဲ့ကြိုးပမ်းမှုကြောင့် လူကုံထံအသိုင်းအဝိုင်းတွေကြား ပြန်ခေတ်စားလာခဲ့ပြီး ဂျာမနီနှင့်သြစတြီးယား ရိုးရာအကများအဖြစ်တန်ဖိုးထားလာခဲ့သည်။

ယနေ့ ခေတ်မှာတော့ဗီယားနီး(စ်)ဝေါ့(ဇ်)အကဟာ အပြည်ပြည်ဆိုင်ရာအကပြိုင်ပွဲများ နှင့် လူမှုဆက်ဆံရေးအရ ဥရောပလူကုံထံများ ကြားဝင်ဆံ့အောင် အကူအညီပေးနိုင်တဲ့ ဂုဏ်သိက္ခာရှိသော ဂန္တဝင်အက အဖြစ်ရပ်တည်နေပါတယ်။ ဗီယားနီး(စ်)ဝေါ့(ဇ်)ရဲ့ဘူမိနက်သန်ဖြစ်တဲ့သြစတြီးယားနိုင်ငံ ဗီးယားနားမြို့မှာဆိုလျှင် တစ်နှစ်ကို လူပေါင်း ၅၀၀၀အထိ တက်ရောက်ကပြတဲ့ ဗီယားနီး(စ်)ဝေါ့(ဇ်)ကပွဲပေါင်း ၃၀၀ကျော်လောက်ရှိပါတယ်။
ဒါဟာယနေ့ ခေတ် အချိန်အခါအထိဗီယားနီး(စ်)ဝေါ့(ဇ်)အကဟာခေတ်စားနေသည်ကိုပြသနေခြင်းပင် မဟုတ်လား?


အောက်ကပုံတွေကတော့ Viennaရဲ့ရှုခင်းအချို့ ဖြစ်ပါတယ်။





ကဲ...အပြာရောင်ဒန်းနှုဗ်(The Blue Danube)လို့ အမည်ရတဲ့ ယိုဟန်းစထရော့်(စ်)(၂)(Johann Strauss 2)ရဲ့နာမည်ကျော်ဝေါ့(ဇ်)အကကို ရှုစားကြပါဆို့ လားခင်ဗျာ။

ဆက်ဖတ်ရန်

Thursday, March 4, 2010

ဂန္တဝင်တေးဂီတနှင့်ကျွန်တော်(၂) (Antonio Vivaldi မိတ်ဆက်)

ကျွန်တော်မနက် ကGoogleကိုဖွင့်ကြည့်တော့ ထူးထူးခြားခြားDesignလေးပြောင်းနေတာမို့ စပ်စုကြည့်တော့ ဒီနေ့ မတ်လ လေးရက်နေ့ ဟာ နာမည်ကျော်ဗီးနစ်မြို့ သား ဘားရိုး(ခ်)(Baroque)
သီချင်းရေးဆရာ နှင့် ဘုန်းတော်ကြီး အန်တိုနီယို ဗီဗာလ်ဒီ(Antonio Vivaldi)((March 4, 1678 – July 28, 1741) ရဲ့မွေးနေ့ ကို ဂုဏ်ပြုထား ခြင်းပင်ဖြစ်သည်။ သူ့ အကြောင်းမပြောမီ ဘားရိုး(ခ်)(Baroque)တေးဂီတအကြောင်းအနည်း
ငယ်ပြောကြား ချင်ပါတယ်။ ဘားရိုး(ခ်)(Baroque)တေးဂီတဟာ
ရေးနေးဆန့် (Renaissance)ခေတ်အကုန် ဂန္တဝင်တေးဂီတခေတ်(Classical Music)ကြား ၁၆၀၀ပြည့်နှစ်ကနေ ၁၇၅၀လောက်အထိ ထင်ရှားခဲ့တဲ့တေးဂီတအမျိုးအစားပင်ဖြစ်ပါတယ်။ ဒီ ဘားရိုး(ခ်)(Baroque)တေးဂီတခေတ်က ဥရောပမှာထွန်းကားခဲ့တာဖြစ်ပြီး အော်ပရာပြဇာတ်အမျိုးအစား စတင်ပေါ်ပေါက်ခဲ့သောခေတ်လည်း ဖြစ်ပေသည်။ (Baroque)တေးဂီတဟာနောက်ပိုင်းပေါ်ပေါက်လာမည့် Classical Musicခေါ်ဂန္တဝင်တေးဂီတခေတ် မိုးဇက်တို့ ၊ ဘီသိုဗင် တို့ ရဲ့သီချင်း ရေးစပ်မှုတွေ အပေါ်မှာလွှမ်းမိုးမှု တွေရှိနေပါတယ်။

အနီရောင်ဘုန်းတော်ကြီးလို့ တင်စားခေါ်ဝေါခြင်းခံရတဲ့ ဗီဗာလ်ဒီရဲ့ အထင်ရှားဆုံးလက်ရာ(Masterpiece) ကတော့
Le quattro stagioni လို့ ခေါ်တဲ့ Four Seasons ခေါ် ရာသီလေးသွယ်ဖြစ်ပါတယ်။ ကဲနွေဦးရာသီကလေး(Spring) ကိုစတင် ခံစားကြည့်ရအောင်။



ကဲဘယ်လို သဘောရပါသလဲ ခင်ဗျာ? ကျွန်တော့်လို အလွန်စိတ်ကူးယဉ်ဆန်တဲ့ ကောင်လေးတွေ၊ ကောင်မလေးတွေ အကြိုက်တွေ့ မှာပါဗျာ။ ဗီဗာလ်ဒီရဲ့ Original Arrangement မှာတယောနှစ်ခု၊ Viola တယောအမျိုးအစား တစ်ခုနှင့်
Celloလို့ ခေါ်တဲ့တယောအမျိုးအစား တစ်ခုတို့ ပါဝင်ပါတယ်။
ကဲနွေဦးရာသီနားထောင်လို့ အပြီးမှာနွေရာသီကို ဆက်လက်နားထောင်လေ့လာ ကြည့်ရအောင်ဗျာ။ နွေရာသီလို့ အမည်ရတဲ့ Pieceမှာတော့ နွေရာသီမှာ ဥရောပနိုင်ငံများမှာ တွေ့ ကြုံလေ့ ရှိရတဲ့ မုန်တိုင်းတွေနှင့် မိုးကြိုးချိမ်းသံတွေ ကိုထင်ဟပ်အောင် နှေးသွားပြီး ခင်မြန်မြန်လေး ရေးဖွဲ့ ထားတာကို
သတိပြုမိ ကြမှာပါ။



အန်တိုနီယို ဗီဗာလ်ဒီဟာ သူကွယ်လွန်ချိန် အထိ အော်ပရာပြဇာတ်၄၆ခု၊့ 
သံစုံတေးဂီတနှင့် တယော(သို့ )စန္ဒယားပေါင်းစပ်ထားတဲ့
Concerto လို့ ခေါ်တဲ့ သုံခုတွဲတေးဂီတပေါင်းအခု ၅၀၀ နှင့် ဆိုနာတာအခု ၉၀ကိုဖန်တီးခဲ့ပါတယ်။ ဒါ့အပြင် ဓမ္မတေးသီချင်းပေါင်းများစွာကို လည်းရေးစပ်ခဲ့ပါသေးတယ်။ နွေရာသီကို နားဆင်အပြီးမှာတော့ ဆောင်းဦးပေါက်ရာသီ(Autumn)ကိုခံစားကြည့်ကြရအောင်ဗျာ။



ဆောင်းရာသီကတော့ အမိုက်ဆုံးပဲလို့ ထင်တယ်။ အနည်းဆုံးတော့ စာဖတ်ပရိသတ် တွေ ရာသီလေးသွယ် စလုံးနားထောင်ဖို့ အချိန်မရရင်တော့မှ ဆောင်းရာသီကလေးကိုပဲ နားထောင်ဖြစ်အောင် နားထောင်ကြည့်လိုက်ပေါ့ဗျာ။ အချိန်မရမှနော်။ အချိန်ရရင်တော့ လေးခုစလုံးကိုနားထောင်စေချင်တယ်။ ပြီးတော့ဘာခံစားရလဲလို့ ကိုယ့်ကိုယ်ကိုမေးခွန်းထုတ် ကြည့်ပေါ့ဗျာ။




ဗီဗာလ်ဒီရဲ့ တေးသီချင်းတွေကို အခြားနာမည်ကျော်သီချင်းရေးစရာတွေဖြစ်သော မိုးဇက်၊ ချိုင်ကော့(ဗ်)စကီးတို့ ရဲ့တေးသီချင်းများနှင့်အတူ Music Therapy လို့ ခေါ်တဲ့ တေးသီချင်းဂီတနားထောင်ခြင်းကို ရောဂါဘယကုထုံးတစ်ခုတစ်ဖွယ် အသုံးပြုလို့ ရမရ သုတေသနပြုမှုတွေမှာ သုံးခဲ့ကြပါတယ်။ အဖြေကတော့ရပါတယ်တဲ့ဗျာ။ ဂန္တဝင်တေးဂီတအပါအဝင်တေးဂီတ အမျိုးအစားအချို့ ကိုနားထောင်ပေးခြင်းဖြင့် နှလုံးရောဂါဖြစ်စေမှုကျဆင်းစေပြီး၊ သွေးတိုးမှုကိုလည်းလျှော့ချပေးနိုင်ကြောင်း၊ Stressလည်းရော့နည်းသွားနိုင်ကြောင်း တွေ့ ရှိရပါတယ်တဲ့ခင်ဗျာ။
ဆက်ဖတ်ရန်

The Harvard Framework Model

The Harvard Framework Model ကတော့ Michael Beer နှင့်အပေါင်းအပါပညာရှင်များက ၁၉၈၄ ခုနှစ်လောက်တွင်ရေးသားခဲ့သော Managing Human Assets တွင်စတင်ပါဝင်ခဲ့ပြီး ဘာကိုအဓိကပြော ချင်သလဲဆိုတော့ General Managers တွေဟာ HR Policies တွေကိုမိမိ အဖွဲ့ အစည်းအတွက်မသတ်မှတ်မီ အဆိုပါ Policies and Practices/Techniques တွေဟာတကယ်ပဲ ထိရောက်မှုရှိ ရဲ့လားဆိုတာအရင်ဆုံး လေ့လာဖို့ လိုအပ်ကြောင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

အဲဒီ HR Policies and Practices/Techniques တွေ ထိရောက်မှုရှိမရှိဆိုတာ Situational Factors နှင့် Stakeholder Interests ပေါ်မှာမူတည်နေကြောင်းထောက်ပြထားတယ်။
Situational Factors ဆိုတာကမိမိအဖွဲ့ အစည်းရဲ့ ပြင်ပမိမိအဖွဲ့ အစည်း
လည်ပတ်နေရသော ပတ်ဝန်းကျင် အခြေအနေရှိပြောင်းလဲနေသော Factors(ဥပမာ အလုပ်သမားသမဂ္ဂများ၊ ဝန်ထမ်းများ အလုပ်သမားထုဧ။်စွမ်းရည် လုပ်နိုင်ကိုင်နိုင်စွမ်းများ) နှင့် အဖွဲ့ အစည်းအတွင်း မှာဆိုရင်တော့ Company ရဲ့ Overall Strategy၊ Management ရဲ့သဘောထားများနှင့် အလုပ်တစ်ခုကိုပြီးမြောက် အောင်မြင်ဖို့ နည်းပညာ အကူအညီများ ကိုဆိုလိုခြင်းဖြစ်တယ်။

Stakeholder Interests ဆိုတာကဘာလဲဆိုရင်တော့ အဖွဲ့ အစည်း ကတွေဟာ မိမိရဲ့ရှယ်ယာဝင်တွေ(Shareholders)၊ ဝန်ထမ်းတွေ(Employees)၊ လူမှုအဖွဲ့ အစည်း(Community)နှင့် အစိုးရ(Government)တွေအပေါ်မှာတာဝန်ရှိတဲ့အတွက် သူတို့ ရဲ့ Interests တွေနှင့်အညီ HR Policiesတွေကို Formulateလုပ်သင့်ကြောင်းညွှန်ပြထားပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဒီအဖွဲ့ အစည်း
ဟာရေရှည်မှာတည်တံ့နိုင်မှာမဟုတ်ဆိုတာပါဘဲ။
နောက်တစ်ခုကတော့ Human Resources Management မှာအချက်နှစ်ချက်ရှိကြောင်းထပ်ပြောထားတယ်။

ပထမအချက်ကတော့ line manager လို့ ခေါ်တဲ့ကိုယ်တိုက်ရိုက် တင်ပြရသော အထက်အရာရှိက အဖွဲ့ အစည်း တစ်ခုလုံးအတွက် ချမှတ်ထားတဲ့ ယှဉ်ပြိုင်အားသာချက်ရရန် နည်းဗျူဟာ Competitive Strategyနှင့် HR Policies တို့ တစ်ထပ်တည်းကျရန်လက်အောက်ဝန်ထမ်း တွေထက် ပိုပြီးတာဝန်ယူရခြင်းပင်ဖြစ်တယ်။ ပြောချင်တဲ့သဘောကတော့ တော်တဲ့ဝန်ထမ်းတွေများလာလေလေ ယှဉ်ပြိုင်အားသာချက်ရနိုင်လေလေ
ဖြစ်လို့ ချမှတ်ထားသောHR Policies တွေကို အောင်မြင်စေရန်HR Departmentကသာမကဘဲ အခြား Department တွေကလည်း ပူးပေါင်းဆောင်ရွက်သင့်ကြောင်း လိုအပ်တယ်။

ဒုတိယအချက်ကတော့ HR Policies နှင့် HR activities တစ်ခုနှင့်တစ်ခုအချိတ်အဆက်မိသင့်ကြောင်း ပြောဆိုထားခြင်းပင်ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ Policies စာအုပ်ကြီးထဲမှာလေတစ်လုံး မိုးတစ်လုံး လောက် ကတိကဝတ်တွေပေးထားပြီး လက်တွေ့ မှာတော့ဘာမှ မလုပ်ပေးခြင်းပင်ဖြစ်တယ်။ Policiesတွေချမှတ် ရေးဆွဲတုန်းကတော့ Promotions တွေကိုဘယ်လိုပေးမည်ဖြစ်ကြောင်း စသည်ဖြင့် အလုပ်ခေါ်စာတွေမှာ မက်လောက်အောင်စွဲဆောင်ထားပြီး လက်တွေးတကယ် Promotion တွေ၊ Bonus တွေတိုးပေးသင့်သော ဝန်ထမ်းများကိုလစ်လျုရှု ထားသောအဖွဲ့ အစည်းများလည်းရှိသေးသည်။

ထို့ ကြောင့် HR Policies တွေကို တစ်ကယ်အကောင်အထည်ဖော်နိုင်မှ ချမှတ်သင့်ကြောင်း The Harvard Framework Model ကပြောပြထားပါတယ်။
ဆက်ဖတ်ရန်