Thursday, March 4, 2010

The Harvard Framework Model

The Harvard Framework Model ကတော့ Michael Beer နှင့်အပေါင်းအပါပညာရှင်များက ၁၉၈၄ ခုနှစ်လောက်တွင်ရေးသားခဲ့သော Managing Human Assets တွင်စတင်ပါဝင်ခဲ့ပြီး ဘာကိုအဓိကပြော ချင်သလဲဆိုတော့ General Managers တွေဟာ HR Policies တွေကိုမိမိ အဖွဲ့ အစည်းအတွက်မသတ်မှတ်မီ အဆိုပါ Policies and Practices/Techniques တွေဟာတကယ်ပဲ ထိရောက်မှုရှိ ရဲ့လားဆိုတာအရင်ဆုံး လေ့လာဖို့ လိုအပ်ကြောင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

အဲဒီ HR Policies and Practices/Techniques တွေ ထိရောက်မှုရှိမရှိဆိုတာ Situational Factors နှင့် Stakeholder Interests ပေါ်မှာမူတည်နေကြောင်းထောက်ပြထားတယ်။
Situational Factors ဆိုတာကမိမိအဖွဲ့ အစည်းရဲ့ ပြင်ပမိမိအဖွဲ့ အစည်း
လည်ပတ်နေရသော ပတ်ဝန်းကျင် အခြေအနေရှိပြောင်းလဲနေသော Factors(ဥပမာ အလုပ်သမားသမဂ္ဂများ၊ ဝန်ထမ်းများ အလုပ်သမားထုဧ။်စွမ်းရည် လုပ်နိုင်ကိုင်နိုင်စွမ်းများ) နှင့် အဖွဲ့ အစည်းအတွင်း မှာဆိုရင်တော့ Company ရဲ့ Overall Strategy၊ Management ရဲ့သဘောထားများနှင့် အလုပ်တစ်ခုကိုပြီးမြောက် အောင်မြင်ဖို့ နည်းပညာ အကူအညီများ ကိုဆိုလိုခြင်းဖြစ်တယ်။

Stakeholder Interests ဆိုတာကဘာလဲဆိုရင်တော့ အဖွဲ့ အစည်း ကတွေဟာ မိမိရဲ့ရှယ်ယာဝင်တွေ(Shareholders)၊ ဝန်ထမ်းတွေ(Employees)၊ လူမှုအဖွဲ့ အစည်း(Community)နှင့် အစိုးရ(Government)တွေအပေါ်မှာတာဝန်ရှိတဲ့အတွက် သူတို့ ရဲ့ Interests တွေနှင့်အညီ HR Policiesတွေကို Formulateလုပ်သင့်ကြောင်းညွှန်ပြထားပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဒီအဖွဲ့ အစည်း
ဟာရေရှည်မှာတည်တံ့နိုင်မှာမဟုတ်ဆိုတာပါဘဲ။
နောက်တစ်ခုကတော့ Human Resources Management မှာအချက်နှစ်ချက်ရှိကြောင်းထပ်ပြောထားတယ်။

ပထမအချက်ကတော့ line manager လို့ ခေါ်တဲ့ကိုယ်တိုက်ရိုက် တင်ပြရသော အထက်အရာရှိက အဖွဲ့ အစည်း တစ်ခုလုံးအတွက် ချမှတ်ထားတဲ့ ယှဉ်ပြိုင်အားသာချက်ရရန် နည်းဗျူဟာ Competitive Strategyနှင့် HR Policies တို့ တစ်ထပ်တည်းကျရန်လက်အောက်ဝန်ထမ်း တွေထက် ပိုပြီးတာဝန်ယူရခြင်းပင်ဖြစ်တယ်။ ပြောချင်တဲ့သဘောကတော့ တော်တဲ့ဝန်ထမ်းတွေများလာလေလေ ယှဉ်ပြိုင်အားသာချက်ရနိုင်လေလေ
ဖြစ်လို့ ချမှတ်ထားသောHR Policies တွေကို အောင်မြင်စေရန်HR Departmentကသာမကဘဲ အခြား Department တွေကလည်း ပူးပေါင်းဆောင်ရွက်သင့်ကြောင်း လိုအပ်တယ်။

ဒုတိယအချက်ကတော့ HR Policies နှင့် HR activities တစ်ခုနှင့်တစ်ခုအချိတ်အဆက်မိသင့်ကြောင်း ပြောဆိုထားခြင်းပင်ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ Policies စာအုပ်ကြီးထဲမှာလေတစ်လုံး မိုးတစ်လုံး လောက် ကတိကဝတ်တွေပေးထားပြီး လက်တွေ့ မှာတော့ဘာမှ မလုပ်ပေးခြင်းပင်ဖြစ်တယ်။ Policiesတွေချမှတ် ရေးဆွဲတုန်းကတော့ Promotions တွေကိုဘယ်လိုပေးမည်ဖြစ်ကြောင်း စသည်ဖြင့် အလုပ်ခေါ်စာတွေမှာ မက်လောက်အောင်စွဲဆောင်ထားပြီး လက်တွေးတကယ် Promotion တွေ၊ Bonus တွေတိုးပေးသင့်သော ဝန်ထမ်းများကိုလစ်လျုရှု ထားသောအဖွဲ့ အစည်းများလည်းရှိသေးသည်။

ထို့ ကြောင့် HR Policies တွေကို တစ်ကယ်အကောင်အထည်ဖော်နိုင်မှ ချမှတ်သင့်ကြောင်း The Harvard Framework Model ကပြောပြထားပါတယ်။

No comments:

Post a Comment