Tuesday, March 2, 2010

ကောင်လေးတစ်ယောက် ဧ။်ညည်းသံ

ငါအဖြစ်ချင်ဆုံးဆန္ဒကတော့
အဝေဆုံးကိုထွက်ပြေးသွားချင်တော့တာပဲ
ဝမ်းနည်းမှုပူဆွေးမှုဆိုတာ ဘာလို့ အရိပ်လို နောက်ကတစ်ကောက်ကောက်လိုက်နေရတာလဲ?
စိတ်သောကရောက်နေမှုတွေဆိုတာကကောဘာလို့  အောက်ခြေမရှိတဲ့ တွင်းနက်ကြီးထဲဆွဲချချင်ရတာလဲ?
ပျော်ရွှင်မှုတွေကဘာလို့ ခဏတာပဲဖြစ်နေရတာလဲ?
ငါမမြင်ချင်တော့ဘူး
ငါမကြားချင်တော့ဘူး
ငါမခံနိုင်တော့ဘူး
ဒါဟာစိတ်ဓါတ်ကျလို့ ပြောတာမဟုတ်ဘူး
လောကကြီးကိုကဒီလိုဖြစ်နေလို့ ပါ
ဘာလို့ အဖြူနဲ့ အမဲကြားမှာထင်ရှားတဲ့ မျဉ်းကြောင်းကြီးတားမထားရတာလဲ?
ဘာလို့ အရာရာတိုင်းဟာမထင်မရှား မှုန်ဝါးဝါးနဲ့ မြူခိုးတွေ လိုဝေမှိုင်းနေရတာလဲ?
ငါအမြဲတမ်းကြိုးစားပါတယ်
သူများတွေကပြောတယ် နင်တော်တယ်တဲ့
ဒါပေမယ့်ဘာတော်တာလဲ?
တစ်ခါတစ်လေဘောင်အတွင်းမှာ ဟန်ဆောင်မှုမျက်နှာဖုံးကြီးတပ်ပြီးနေရတာကိုကစိတ်ကုန်တယ်
ဒါဟာစိတ်ဓါတ်ကျလို့ ပြောတာမဟုတ်ဘူး
ငါ့ကိုကဒီလိုဖြစ်နေလို့ ပါ
ဘာလို့ ဘောင်အပြင်ဘက် စည်းအပြင်ဘက်က လူတွေကဘောင်အတွင်းကိုဝင်မလာချင်ရတာလဲ?
လူတွေကို ငါစိတ်ကုန်တယ်
အားလုံးက အတ္တသမားတွေချည်း
အားလုံးနီးပါးက မနာလိုမုန်းတီးမှုတွေ၊ ကလဲ့စားချင်ခြင်မှုတွေနဲ့ ချည်း ပြည့်နှက်နေသလိုပဲ
ဘာလို့ အားနည်းအားပျော့တဲ့သူကိုဖေးမကူညီလက်တွဲမခေါ်ချင်ပဲ
အနိုင်ကျင့်အမြတ်ထုတ်ပြီး ထိုးနှက်တိုက်ခိုက်ချင်တာလဲ?
ဘာလို့ ကိုယ့်ရဲ့ကျဉ်းမြောင်းတဲ့ အမြင်အတွေး သဘောထားတွေနဲ့ မကိုက်ညီ
တဲ့သူတွေကို လှောင်ပြောင်သရော်အပုပ်ချ ကဲ့ရဲ့ချင်ကြရတာလဲ?
နည်းနည်းလေးလောက်ပဲဖြစ်ဖြစ်နားလည်ပေးမှုတွေရှိသင့်တယ်
မေတ္တာတွေ စေတနာတွေ အကြင်နာတရားတွေ ကိုယ်ချင်းစာနာမှုတွေဟာ
အကောင်းမြင်လွန်းသူတွေဖန်တီးထားခဲ့တဲ့ ယုံတမ်းစကားတွေလား?
သမိုင်းထဲမှာကျန်ရစ်ခဲ့ပြီလား?
ဒီကမ္ဘာမြေကြီးပေါ်မှာ
စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူတွေဘယ်ရောက်ကုန်ပါလိမ့်လို့ 
စဉ်းစားမိတိုင်း….
ငါလေသက်ပြင်းချမိတယ်။

No comments:

Post a Comment