Thursday, March 4, 2010

ဂန္တဝင်တေးဂီတနှင့်ကျွန်တော်(၂) (Antonio Vivaldi မိတ်ဆက်)

ကျွန်တော်မနက် ကGoogleကိုဖွင့်ကြည့်တော့ ထူးထူးခြားခြားDesignလေးပြောင်းနေတာမို့ စပ်စုကြည့်တော့ ဒီနေ့ မတ်လ လေးရက်နေ့ ဟာ နာမည်ကျော်ဗီးနစ်မြို့ သား ဘားရိုး(ခ်)(Baroque)
သီချင်းရေးဆရာ နှင့် ဘုန်းတော်ကြီး အန်တိုနီယို ဗီဗာလ်ဒီ(Antonio Vivaldi)((March 4, 1678 – July 28, 1741) ရဲ့မွေးနေ့ ကို ဂုဏ်ပြုထား ခြင်းပင်ဖြစ်သည်။ သူ့ အကြောင်းမပြောမီ ဘားရိုး(ခ်)(Baroque)တေးဂီတအကြောင်းအနည်း
ငယ်ပြောကြား ချင်ပါတယ်။ ဘားရိုး(ခ်)(Baroque)တေးဂီတဟာ
ရေးနေးဆန့် (Renaissance)ခေတ်အကုန် ဂန္တဝင်တေးဂီတခေတ်(Classical Music)ကြား ၁၆၀၀ပြည့်နှစ်ကနေ ၁၇၅၀လောက်အထိ ထင်ရှားခဲ့တဲ့တေးဂီတအမျိုးအစားပင်ဖြစ်ပါတယ်။ ဒီ ဘားရိုး(ခ်)(Baroque)တေးဂီတခေတ်က ဥရောပမှာထွန်းကားခဲ့တာဖြစ်ပြီး အော်ပရာပြဇာတ်အမျိုးအစား စတင်ပေါ်ပေါက်ခဲ့သောခေတ်လည်း ဖြစ်ပေသည်။ (Baroque)တေးဂီတဟာနောက်ပိုင်းပေါ်ပေါက်လာမည့် Classical Musicခေါ်ဂန္တဝင်တေးဂီတခေတ် မိုးဇက်တို့ ၊ ဘီသိုဗင် တို့ ရဲ့သီချင်း ရေးစပ်မှုတွေ အပေါ်မှာလွှမ်းမိုးမှု တွေရှိနေပါတယ်။

အနီရောင်ဘုန်းတော်ကြီးလို့ တင်စားခေါ်ဝေါခြင်းခံရတဲ့ ဗီဗာလ်ဒီရဲ့ အထင်ရှားဆုံးလက်ရာ(Masterpiece) ကတော့
Le quattro stagioni လို့ ခေါ်တဲ့ Four Seasons ခေါ် ရာသီလေးသွယ်ဖြစ်ပါတယ်။ ကဲနွေဦးရာသီကလေး(Spring) ကိုစတင် ခံစားကြည့်ရအောင်။



ကဲဘယ်လို သဘောရပါသလဲ ခင်ဗျာ? ကျွန်တော့်လို အလွန်စိတ်ကူးယဉ်ဆန်တဲ့ ကောင်လေးတွေ၊ ကောင်မလေးတွေ အကြိုက်တွေ့ မှာပါဗျာ။ ဗီဗာလ်ဒီရဲ့ Original Arrangement မှာတယောနှစ်ခု၊ Viola တယောအမျိုးအစား တစ်ခုနှင့်
Celloလို့ ခေါ်တဲ့တယောအမျိုးအစား တစ်ခုတို့ ပါဝင်ပါတယ်။
ကဲနွေဦးရာသီနားထောင်လို့ အပြီးမှာနွေရာသီကို ဆက်လက်နားထောင်လေ့လာ ကြည့်ရအောင်ဗျာ။ နွေရာသီလို့ အမည်ရတဲ့ Pieceမှာတော့ နွေရာသီမှာ ဥရောပနိုင်ငံများမှာ တွေ့ ကြုံလေ့ ရှိရတဲ့ မုန်တိုင်းတွေနှင့် မိုးကြိုးချိမ်းသံတွေ ကိုထင်ဟပ်အောင် နှေးသွားပြီး ခင်မြန်မြန်လေး ရေးဖွဲ့ ထားတာကို
သတိပြုမိ ကြမှာပါ။



အန်တိုနီယို ဗီဗာလ်ဒီဟာ သူကွယ်လွန်ချိန် အထိ အော်ပရာပြဇာတ်၄၆ခု၊့ 
သံစုံတေးဂီတနှင့် တယော(သို့ )စန္ဒယားပေါင်းစပ်ထားတဲ့
Concerto လို့ ခေါ်တဲ့ သုံခုတွဲတေးဂီတပေါင်းအခု ၅၀၀ နှင့် ဆိုနာတာအခု ၉၀ကိုဖန်တီးခဲ့ပါတယ်။ ဒါ့အပြင် ဓမ္မတေးသီချင်းပေါင်းများစွာကို လည်းရေးစပ်ခဲ့ပါသေးတယ်။ နွေရာသီကို နားဆင်အပြီးမှာတော့ ဆောင်းဦးပေါက်ရာသီ(Autumn)ကိုခံစားကြည့်ကြရအောင်ဗျာ။



ဆောင်းရာသီကတော့ အမိုက်ဆုံးပဲလို့ ထင်တယ်။ အနည်းဆုံးတော့ စာဖတ်ပရိသတ် တွေ ရာသီလေးသွယ် စလုံးနားထောင်ဖို့ အချိန်မရရင်တော့မှ ဆောင်းရာသီကလေးကိုပဲ နားထောင်ဖြစ်အောင် နားထောင်ကြည့်လိုက်ပေါ့ဗျာ။ အချိန်မရမှနော်။ အချိန်ရရင်တော့ လေးခုစလုံးကိုနားထောင်စေချင်တယ်။ ပြီးတော့ဘာခံစားရလဲလို့ ကိုယ့်ကိုယ်ကိုမေးခွန်းထုတ် ကြည့်ပေါ့ဗျာ။




ဗီဗာလ်ဒီရဲ့ တေးသီချင်းတွေကို အခြားနာမည်ကျော်သီချင်းရေးစရာတွေဖြစ်သော မိုးဇက်၊ ချိုင်ကော့(ဗ်)စကီးတို့ ရဲ့တေးသီချင်းများနှင့်အတူ Music Therapy လို့ ခေါ်တဲ့ တေးသီချင်းဂီတနားထောင်ခြင်းကို ရောဂါဘယကုထုံးတစ်ခုတစ်ဖွယ် အသုံးပြုလို့ ရမရ သုတေသနပြုမှုတွေမှာ သုံးခဲ့ကြပါတယ်။ အဖြေကတော့ရပါတယ်တဲ့ဗျာ။ ဂန္တဝင်တေးဂီတအပါအဝင်တေးဂီတ အမျိုးအစားအချို့ ကိုနားထောင်ပေးခြင်းဖြင့် နှလုံးရောဂါဖြစ်စေမှုကျဆင်းစေပြီး၊ သွေးတိုးမှုကိုလည်းလျှော့ချပေးနိုင်ကြောင်း၊ Stressလည်းရော့နည်းသွားနိုင်ကြောင်း တွေ့ ရှိရပါတယ်တဲ့ခင်ဗျာ။

No comments:

Post a Comment