Thursday, March 4, 2010

The Harvard Framework Model

The Harvard Framework Model ကတော့ Michael Beer နှင့်အပေါင်းအပါပညာရှင်များက ၁၉၈၄ ခုနှစ်လောက်တွင်ရေးသားခဲ့သော Managing Human Assets တွင်စတင်ပါဝင်ခဲ့ပြီး ဘာကိုအဓိကပြော ချင်သလဲဆိုတော့ General Managers တွေဟာ HR Policies တွေကိုမိမိ အဖွဲ့ အစည်းအတွက်မသတ်မှတ်မီ အဆိုပါ Policies and Practices/Techniques တွေဟာတကယ်ပဲ ထိရောက်မှုရှိ ရဲ့လားဆိုတာအရင်ဆုံး လေ့လာဖို့ လိုအပ်ကြောင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

အဲဒီ HR Policies and Practices/Techniques တွေ ထိရောက်မှုရှိမရှိဆိုတာ Situational Factors နှင့် Stakeholder Interests ပေါ်မှာမူတည်နေကြောင်းထောက်ပြထားတယ်။
Situational Factors ဆိုတာကမိမိအဖွဲ့ အစည်းရဲ့ ပြင်ပမိမိအဖွဲ့ အစည်း
လည်ပတ်နေရသော ပတ်ဝန်းကျင် အခြေအနေရှိပြောင်းလဲနေသော Factors(ဥပမာ အလုပ်သမားသမဂ္ဂများ၊ ဝန်ထမ်းများ အလုပ်သမားထုဧ။်စွမ်းရည် လုပ်နိုင်ကိုင်နိုင်စွမ်းများ) နှင့် အဖွဲ့ အစည်းအတွင်း မှာဆိုရင်တော့ Company ရဲ့ Overall Strategy၊ Management ရဲ့သဘောထားများနှင့် အလုပ်တစ်ခုကိုပြီးမြောက် အောင်မြင်ဖို့ နည်းပညာ အကူအညီများ ကိုဆိုလိုခြင်းဖြစ်တယ်။

Stakeholder Interests ဆိုတာကဘာလဲဆိုရင်တော့ အဖွဲ့ အစည်း ကတွေဟာ မိမိရဲ့ရှယ်ယာဝင်တွေ(Shareholders)၊ ဝန်ထမ်းတွေ(Employees)၊ လူမှုအဖွဲ့ အစည်း(Community)နှင့် အစိုးရ(Government)တွေအပေါ်မှာတာဝန်ရှိတဲ့အတွက် သူတို့ ရဲ့ Interests တွေနှင့်အညီ HR Policiesတွေကို Formulateလုပ်သင့်ကြောင်းညွှန်ပြထားပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဒီအဖွဲ့ အစည်း
ဟာရေရှည်မှာတည်တံ့နိုင်မှာမဟုတ်ဆိုတာပါဘဲ။
နောက်တစ်ခုကတော့ Human Resources Management မှာအချက်နှစ်ချက်ရှိကြောင်းထပ်ပြောထားတယ်။

ပထမအချက်ကတော့ line manager လို့ ခေါ်တဲ့ကိုယ်တိုက်ရိုက် တင်ပြရသော အထက်အရာရှိက အဖွဲ့ အစည်း တစ်ခုလုံးအတွက် ချမှတ်ထားတဲ့ ယှဉ်ပြိုင်အားသာချက်ရရန် နည်းဗျူဟာ Competitive Strategyနှင့် HR Policies တို့ တစ်ထပ်တည်းကျရန်လက်အောက်ဝန်ထမ်း တွေထက် ပိုပြီးတာဝန်ယူရခြင်းပင်ဖြစ်တယ်။ ပြောချင်တဲ့သဘောကတော့ တော်တဲ့ဝန်ထမ်းတွေများလာလေလေ ယှဉ်ပြိုင်အားသာချက်ရနိုင်လေလေ
ဖြစ်လို့ ချမှတ်ထားသောHR Policies တွေကို အောင်မြင်စေရန်HR Departmentကသာမကဘဲ အခြား Department တွေကလည်း ပူးပေါင်းဆောင်ရွက်သင့်ကြောင်း လိုအပ်တယ်။

ဒုတိယအချက်ကတော့ HR Policies နှင့် HR activities တစ်ခုနှင့်တစ်ခုအချိတ်အဆက်မိသင့်ကြောင်း ပြောဆိုထားခြင်းပင်ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ Policies စာအုပ်ကြီးထဲမှာလေတစ်လုံး မိုးတစ်လုံး လောက် ကတိကဝတ်တွေပေးထားပြီး လက်တွေ့ မှာတော့ဘာမှ မလုပ်ပေးခြင်းပင်ဖြစ်တယ်။ Policiesတွေချမှတ် ရေးဆွဲတုန်းကတော့ Promotions တွေကိုဘယ်လိုပေးမည်ဖြစ်ကြောင်း စသည်ဖြင့် အလုပ်ခေါ်စာတွေမှာ မက်လောက်အောင်စွဲဆောင်ထားပြီး လက်တွေးတကယ် Promotion တွေ၊ Bonus တွေတိုးပေးသင့်သော ဝန်ထမ်းများကိုလစ်လျုရှု ထားသောအဖွဲ့ အစည်းများလည်းရှိသေးသည်။

ထို့ ကြောင့် HR Policies တွေကို တစ်ကယ်အကောင်အထည်ဖော်နိုင်မှ ချမှတ်သင့်ကြောင်း The Harvard Framework Model ကပြောပြထားပါတယ်။
ဆက်ဖတ်ရန်

Tuesday, March 2, 2010

ကောင်လေးတစ်ယောက် ဧ။်ညည်းသံ

ငါအဖြစ်ချင်ဆုံးဆန္ဒကတော့
အဝေဆုံးကိုထွက်ပြေးသွားချင်တော့တာပဲ
ဝမ်းနည်းမှုပူဆွေးမှုဆိုတာ ဘာလို့ အရိပ်လို နောက်ကတစ်ကောက်ကောက်လိုက်နေရတာလဲ?
စိတ်သောကရောက်နေမှုတွေဆိုတာကကောဘာလို့  အောက်ခြေမရှိတဲ့ တွင်းနက်ကြီးထဲဆွဲချချင်ရတာလဲ?
ပျော်ရွှင်မှုတွေကဘာလို့ ခဏတာပဲဖြစ်နေရတာလဲ?
ငါမမြင်ချင်တော့ဘူး
ငါမကြားချင်တော့ဘူး
ငါမခံနိုင်တော့ဘူး
ဒါဟာစိတ်ဓါတ်ကျလို့ ပြောတာမဟုတ်ဘူး
လောကကြီးကိုကဒီလိုဖြစ်နေလို့ ပါ
ဘာလို့ အဖြူနဲ့ အမဲကြားမှာထင်ရှားတဲ့ မျဉ်းကြောင်းကြီးတားမထားရတာလဲ?
ဘာလို့ အရာရာတိုင်းဟာမထင်မရှား မှုန်ဝါးဝါးနဲ့ မြူခိုးတွေ လိုဝေမှိုင်းနေရတာလဲ?
ငါအမြဲတမ်းကြိုးစားပါတယ်
သူများတွေကပြောတယ် နင်တော်တယ်တဲ့
ဒါပေမယ့်ဘာတော်တာလဲ?
တစ်ခါတစ်လေဘောင်အတွင်းမှာ ဟန်ဆောင်မှုမျက်နှာဖုံးကြီးတပ်ပြီးနေရတာကိုကစိတ်ကုန်တယ်
ဒါဟာစိတ်ဓါတ်ကျလို့ ပြောတာမဟုတ်ဘူး
ငါ့ကိုကဒီလိုဖြစ်နေလို့ ပါ
ဘာလို့ ဘောင်အပြင်ဘက် စည်းအပြင်ဘက်က လူတွေကဘောင်အတွင်းကိုဝင်မလာချင်ရတာလဲ?
လူတွေကို ငါစိတ်ကုန်တယ်
အားလုံးက အတ္တသမားတွေချည်း
အားလုံးနီးပါးက မနာလိုမုန်းတီးမှုတွေ၊ ကလဲ့စားချင်ခြင်မှုတွေနဲ့ ချည်း ပြည့်နှက်နေသလိုပဲ
ဘာလို့ အားနည်းအားပျော့တဲ့သူကိုဖေးမကူညီလက်တွဲမခေါ်ချင်ပဲ
အနိုင်ကျင့်အမြတ်ထုတ်ပြီး ထိုးနှက်တိုက်ခိုက်ချင်တာလဲ?
ဘာလို့ ကိုယ့်ရဲ့ကျဉ်းမြောင်းတဲ့ အမြင်အတွေး သဘောထားတွေနဲ့ မကိုက်ညီ
တဲ့သူတွေကို လှောင်ပြောင်သရော်အပုပ်ချ ကဲ့ရဲ့ချင်ကြရတာလဲ?
နည်းနည်းလေးလောက်ပဲဖြစ်ဖြစ်နားလည်ပေးမှုတွေရှိသင့်တယ်
မေတ္တာတွေ စေတနာတွေ အကြင်နာတရားတွေ ကိုယ်ချင်းစာနာမှုတွေဟာ
အကောင်းမြင်လွန်းသူတွေဖန်တီးထားခဲ့တဲ့ ယုံတမ်းစကားတွေလား?
သမိုင်းထဲမှာကျန်ရစ်ခဲ့ပြီလား?
ဒီကမ္ဘာမြေကြီးပေါ်မှာ
စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူတွေဘယ်ရောက်ကုန်ပါလိမ့်လို့ 
စဉ်းစားမိတိုင်း….
ငါလေသက်ပြင်းချမိတယ်။
ဆက်ဖတ်ရန်

Monday, March 1, 2010

ဘာသာပြန်စာစုများ(၁)

ဒီPostကလေးမှာတောဲ့ကျွန်တော်နှစ်သက်တဲ့ကောင်းနိုးရာရာစာစုကလေးများကို
ကျွန်တော်ကိုယ်တိုင်ဘာသာ
ပြန်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်။ပထမတစ်ခုကတော့ Ella Wheeler Wilcox ရေးခဲ့တဲ့
"ခင်မင်ရင်းနှီးမှုပေါ်မှာအခြေခံထားခြင်းမရှိတဲ့အချစ်ဆိုတာဟာ
သဲပေါ်မှာဆောက်ထားတဲ့တိုက်အိမ်လိုပါဘဲ" ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Mark Twain ရေးခဲ့တဲ့ "ဝမ်းနည်းမှုစိတ်မကောင်းမှုတွေကိုသင်တစ်ယောက်တည်း
ကြိတ်မှိတ်ခံလိုက်တာအကောင်းဆုံးဖြစ်ပြီးဝမ်းသာပျော်ရွှင်မှု တွေကိုတော့မျှဝေခံစားလိုက်ပါတဲ့။" ဒါကိုတော့လူတိုင်းသဘောတူချင်မှတူပါလိမ့်မည်။

နောက်ထပ်ခုကတော့ Oscar Wilde ရဲ့ "Lady Windermere's Fan"စာအုပ်ထဲကစကားကလေးတစ်ခုပါ။
"ငါတို့ အားလုံးဟာရေမြောင်းထဲရောက်နေသည်မှာမှန်သော်
လည်းငါတို့ ထဲကတချို့ လူတွေကတော့ကောင်းကင်ရှိ ကြယ်ကလေးများကိုမျှော်ကြည့်နေကြသည်"တဲ့။

နောက်ရှိပါသေးတယ်ခင်ဗျာ။ Lord Chesterfield ရဲ့ "သင်ဟာသင့်ရဲ့မိနစ်လက်တံကလေးတွေကိုပဲသေချာဂရုစိုက်ပြီး အသုံးချပါ။
ဘာလို့ လဲဆိုလျှင်တော့နာရီလက်တံများဟာ
သူ့ တို့ ဘာသူတို့ ဂရုစိုက်သွားမှာမို့ လို့ ပါ" လို့ စိတ်ဝင်စားစရာ
အပြောကလေးတစ်ခုဖြစ်ပါတယ်။

နောက်တစ်ခုကတရုတ်စကားပုံကလေးတစ်ခုဖြစ်တယ်။
"တောင်တစ်တောင်ကိုတက်ဖို့ လမ်းပေါင်းများစွာရှိပေမည့်လည်း တောင်ထိပ်ကမြင်ရတဲ့မြင်ကွင်းကတော့အတူတူပဲဖြစ်ပါတယ်။"

အမေရိကန်လူမျိုးလူမဲလူ့ အခွင့်အရေးခေါင်းဆောင် Malcolm X ကဘာပြောခဲ့လဲဆိုလျှင်တော့
"သင်ဟာငြိမ်းချမ်းမှုနှင့်လွတ်လပ်မှုကိုခွဲထုတ်ပစ်လိုက်လို့ မရပါဘူး။
ဘာလို့ လဲဆိုတော့ဘယ်သူမှသူတို့ ရသင့်ရထိုက်တဲ့လွတ်လပ်မှုမရမချင်း ငြိမ်းချမ်းမှုရဲ့အနှစ်သာရကိုခံစားနိုင်မှာမဟုတ်"
ဟူ၍ဖြစ်သည်။

ကဲနောက်ကဆုံးစကားစုကလေးကတော့ Oliver Holmes ရဲ့ "ဘဝဆိုတာဂဏန်းသင်္ချာတွက်ခြင်းမ
ဟုတ်၊ ပန်းချီကားတစ်ချပ်သာခြယ်မှုန်းခြင်းဖြစ်ကြောင်း" ဝေမျှပေးလိုက်ရပါတယ်ခင်ဗျာ။
ဆက်ဖတ်ရန်